မော်လိုက်မြို့၌ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်း အခမ်းအနားဖွင့်လှစ်

မော်လိုက် ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌  ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လှ က ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း(ECCD)နှင့် ECI Services ကိုလည်းကောင်း၊ ကလေးသူငယ်အခွင့် အရေးများ၊ အမျိုးသမီးများ အခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး အသိပညာများ၊ Help Line မှ‌ ဆောင်ရွက်နေမှုများ၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးများကို လည်းကောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ပေးနေမှုများကို လည်းကောင်း၊ MCCT နှင့် လူမှုရေးပင်စင်အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသည့် သင်တန်းသားများက မရှင်းလင်းသည်များကို မေးမြန်းကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၄၉)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)