ဟိုင်းကြီးကျွန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန် ပစ္စည်း များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအရှေ့၌ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်၍ ဒေသခံပြည်သူများစားဝတ်နေရေး သက်သာချောင်ချိရေး အတွက် ဆန်(၁)ပြည်လျှင် ၃၅၀၀ ကျပ်ဖြင့် ဆန် (၂၅)ပြည်၊ စားအုန်းဆီ(၁)ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် (၇.၅)ပိဿာ၊ ကြက်သား(၁)ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ဝက်သား(၁)ပိဿာလျှင် ၁၁၀၀၀ နှုန်းဖြင့် (၁၀)ပိဿာ၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်နှုန်းဖြင့် (၂၀၀)လုံးနှင့် ငါး(၁) ပိဿာလျှင် ၇၀၀၀ကျပ်နှုန်းဖြင့် (၃၀)ပိဿာတို့အား စျေးနှုန်းများလျှော့၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးရခြင်းကြောင့် ကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပိုမိုခံစားရရှိကြပြီး စျေးနှုန်း သက်သာစွာ ဝယ်ယူရရှိသည့်အတွက် ကုန်ကျစရိတ်လည်း များစွာသက်သာလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)