ဆင်ဘိုမြို့၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ‌ရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဝေငှ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၇ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတွင်းကုန်း) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကိုဝေငှခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများ အား ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၆ ရက်နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းမှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှူန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှူန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ ကန်ကြီးထောင့်မြို့မဈေး၌ ရောင်းချပေးခဲ့သည်။

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြို(၂)လုံးရှိ မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် မိုးသက်လေပြင်းတိုက်ခိုက်၍ နေအိမ်ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုများအား ဇွန်လ ၂၅ ရက်နေ့၊နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophren) ထိုးနှံပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကင်းစင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် KG တန်းကလေးငယ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသော ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နံနက် (၁၀:၃၀) နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophren) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်အနီးတွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးတော် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ (ကျောက်ဖြူ)ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
Subscribe to