ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လမ်းသေ(Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်

ပျဉ်းမနား ဇွန် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လမ်းသေ (Abate) ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးမြင့်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်းခူနှင့် တာဝန်ရှိသူများ ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများရှိ ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး  ပိုးလောက်လမ်းသေ (Abate) ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဖုံး၊ သွန်၊လဲ၊ စစ် ပြုလုပ်၍ ရေကိုအသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)