မိုင်းဖြတ် ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာနေပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသဝက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက တောညုကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ထွန်းဇော်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေအနေများနှင့် ကျေးရွာနေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရှာဖွေရရှိ၍ အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စနစ်တကျ မွေးမြူ၍ ရောဂါကူးစက်မှုများ မဖြစ်ပွားအောင် ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာထွန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသ တောညုကျေးရွာမှ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅)စုအတွက် အိမ်ထောင်စု ၁ စုလျှင် (၁၂၀၀၀၀)ကျပ် တန်ဖိုးရှိ ဒေသဝက် တစ်ကောင်နှုန်းဖြင့် ဒေသဝက်(၅)ကောင်ကို ကျေးရွာနေပြည်သူများလက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)