မြစ်ကြီးနား ဇွန် ၂၆
နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုအရ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းကို လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် Focal Ministry အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက် ယူနိုင်ရေးအတွက် Biometric Enrollment and UID Management System အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သင်တန်းသည် နိုင်ငံ့အတွင်းနေထိုင်သူ တစ်ဦးချင်း စီ၏ Bio-graphic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID (UID) နံပါတ်တစ်ခုစီပေးကာ Digital စနစ်ဖြင့် အချက်အလက်များအား မှတ်ပုံတင် Data Base အတွင်း ထိန်းသိမ်းသည့် နည်းစနစ်သင်တန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း မြို့နယ်များအလိုက် Biometric အချက်အလက်များ ကောက်ယူရေးလုပ်ငန်း စဉ် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး Biometric အချက် အလက်ကောက်ယူ ရာတွင် ဦးစားပေး ဦးတည်အုပ်စု အလိုက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ကောက်ယူနိုင်ရေး သင်တန်းသားများအနေဖြင့် စိတ်ဝင်တစ်စား မှတ်သားကြရေး၊ နိုင်ငံ့လုံခြုံရေးအတွက် အရေးပါ သော လုပ်ငန်းတစ်ရပ်ဖြစ်သည့် အတွက်လည်း စေတနာထားပြီး ကြိုးပမ်းဆောင် ရွက်ကြရေးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်စပ် ဌာနများကလည်း လုပ်ငန်းပြီးမြောက် အောင်မြင်ရေး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် Biometric အချက်အလက်များစာရင်း ကောက်ယူနိုင်ရေး Biometric Enrollment and UID Management System သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်များနှင့် ဦးတည်အုပ်စုအလိုက် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ ခရိုင်/ မြို့နယ်များမှ အရာထမ်း/ အမှုထမ်းများ (၈၂)ဦး တို့အား ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည့် Biometric Enrollment and UID Management System အား လက်တွေ့စမ်းသပ်ကောက်ယူခြင်း သရုပ်ပြလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အမျိုးသားလူ ဝင်မှုကြီးကြပ်ရေးဦးစီး ဌာနက ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ပေးပို့လှူဒါန်းထားသည့် လုပ်ငန်းသုံးကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို လှည့်လည့်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အတူ ဇွန် ၂၅ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မီးရထားဘူတာရုံဝင်း၊ ဝန်ထမ်းအိမ်ရာများအတွင်း ကျူးကျော်နေထိုင်မှုများအား ဖယ်ရှားရှင်းလင်းပြီး သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ထား နေမှုအခြေအနေ များ၊ ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းအိမ်ရာများ စနစ်တကျ နေရာချထားရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းအိမ်ရာဝင်း ပတ်ဝန်းကျင်များနှင့် မီးရထားသံလမ်းတစ်လျှောက်တို့အား လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)