နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နမ္မတူ ဇွန် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာ ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ သဘာပတိကြီး ဒေါ်နန်းစံငင်း အဖွင့်အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ၂၀၂၁-၂၀၂၂ ခု နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအားလည်းကောင်း၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေစာရင်းနှင့်အသင်း၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ် အစီရင်ခံစာအားလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုချက်ရယူခဲ့သည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်ထမ်းများ၊ အသင်းသူအသင်းသားများ ၅၀ ခန့် တက်ရောက်ခဲ့ပြီး မြို့လယ်ဓမ္မာရုံကြီး တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၃၀၀၀၀၀ ကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ  ဒေါ်နန်းစံငင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)