(၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စမ်းချောင်း မြို့နယ် သမဝါယမဦးစီးဌာနမှ ဆန်၊ဆီများကို အထူး ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းရှိ ချမ်းမြေ့အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အသင်းဆိုင်တွင် (၁၀၁)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆန်၊ဆီများကို အထူးဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။