ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဇွန် ၃၀

မန္တလေးဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၅၈လမ်း ၁၀၄×၁၀၅လမ်းကြား အမှတ်(၂၄) အခြေခံပညာမူလွန်ကျောင်းတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့၀င်တို့က ဌာနဆိုင်ရာများ ၊အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော  ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိန်ပန်းပြာ၊ ခရေ၊ ကျွန်း၊ ပျဥ်းကတိုး၊ မယ်ဇယ်၊ ကံ့ကော်၊ပိတောက်၊ငုရွှေဝါစသည့် ပျိုးပင်ပေါင်း( ၃၉၂)ပင်အား စိုက်ပျိုးခဲ့ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကသည်။

အဆိုပါ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်း အပူချိန် လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလို စိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များ ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် ဒေသခံ ပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်စိုက်ပျိုးခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ အသင်းအဖွဲ့များ၊ မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)