ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနနှင့်  ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် စားသုံးသူကာကွယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ YMBA ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဒေသခံပြည်သူများအား လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ရှိသူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က(ခွဲ)သရက်ကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လူသန့်ချောင်အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သရက်ကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ စားရင်းအင်းများနှင့် ဌာနဆိုင်ရာငွေစာရင်းများရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စီမံကိန်းရေးဆွဲခြင်းဆိုင်ရာစားရင်းအင်းများနှင့် ဌာနဆိုင်ရာငွေစာရင်းများရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့ အ.ထ.က(၂) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အ.ထ.က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ် စာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ထားမှုများ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများ ပြုလုပ်

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေစစ်ဆေးခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံးအားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း (GAP) စနစ်ဖြင့် သရက်ပင်များ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ မြေကွက်လပ်၌ ရုံးပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ နှစ်ရှည်သီးပင် စားပင် စိုက်ပျိုးခြင်းဖြင့် ဝန်ထမ်းမိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစိုးမင်းထက် ဦးဆောင်မှုဖြင့် ယနေ့နံနက် (၈) နာရီအချိန်က စိန်တလုံးသရက်ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဝန်းသိုမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာဆောင်းပါး ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။

ပေါင်းတည်၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အ​ခြေခံစားသုံးကုန်များ သောကြာနေ့တိုင်း ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဈေး ၂ ရပ်ကွက်၊ ဘုရားကြီးလမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ကိုယ်တိုင် စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသုံးကုန်များကို သက်သာသောစျေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချမှုအား ယနေ့နံနက် ၇ နာရီမှ နံနက် ၉ နာရီ အချိန်ထိ ဖွင့်လှစ်ရောင်းချပေးကြကြောင်း သိရသည်။
Subscribe to