ဗန်းမော် ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အ.ထ.က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျောင်းကောင်စီသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်စန္ဒာက အမှာစကားပြောကြားခြင်း၊ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ အမည်စာရင်းဖတ်ကြားခြင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကတိသစ္စာ ခံယူခြင်းနှင့် ကျောင်းတစ်ကျောင်းလုံး ကတိသစ္စာခံယူခြင်း၊ တာဝန်အထိမ်းအမှတ်အလံများကို ကျောင်းအုပ်ဆရာမကြီးက ပေးအပ်ရာ ကျောင်းကောင်စီအသင်း (၅)သင်း ဖြစ်သည့် အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်း၊ ဗန္ဓုလအသင်းခေါင်းဆောင်တို့က လက်ခံခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်