အ.ထ.က(ခွဲ)သရက်ကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လူသန့်ချောင်အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သရက်ကုန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ)သရက်ကုန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးကျော်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက လူငယ်နှင့်အားကစားအခွင့်အလမ်း ခေါင်းစဉ်ဖြင့် ပြောကြားခဲ့သည်။ နည်းစနစ်မှူး ဦးတင်ထွဋ်က ကာယလေ့ကျင့်ခန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူရေးရာဦး စီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့်စပ်လျဉ်းပြီး ရွေးချယ်ဝယ်ယူအ သုံးပြုရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး၊ အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး(၁)လုံးပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ခိုင်က လက်ခံရယူခဲ့သည်။

အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များ ဖတ်ရှုစေခဲ့ပြီး၊ "အာဇာနည်သူရဲကောင်းကြီး(၉)ဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းပုံမှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာများ "နံရံကပ်စာစောင်" ပြသပေးရာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)