ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် အမှတ်(၁၈)ရပ်ကွက်ရှိ အသက်(၈၅)အထက်သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက်‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မဟာအောင်မြေမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ မဟာအောင်မြေ ဇူလိုင် ၁၄ အောင်ဇော်မင်း

မောက်မယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့်အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရန်အတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ယနေ့နံနက်(၉)နာရီတွင် ဌာနဆိုင်ရာများပူး ပေါင်းစစ်ဆေးရေးအဖွဲ့က မောက်မယ်မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ အ.ထ.က(၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အ.ထ.က(၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့မှ မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် အ.လ.က(ခွဲ)စျေးတန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၉ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ် းအမှတ်  ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားတွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲ နည်းသင်တန်းကို ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ အဆိုပါရုံး အစည်းအဝေးခန်းမ၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
Subscribe to