မော်လိုက်မြို့၌ စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ စားရင်းအင်းများနှင့် ဌာနဆိုင်ရာငွေစာရင်းများရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းဆင်းပွဲ ကျင်းပ

မော်လိုက် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စီမံကိန်းရေးဆွဲခြင်းဆိုင်ရာစားရင်းအင်းများနှင့် ဌာနဆိုင်ရာငွေစာရင်းများရေးဆွဲပြုစုခြင်း ရက်တိုသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က သင်တန်းတွင် “သင်တန်းသားများ စိတ်ပါဝင်စားစွာ တက်ရောက်ခြင်းများကြောင့် ဘဏ္ဍာငွေနှင့်ပတ်သက်ပြီး စနစ်တကျကိုင်တွယ်တတ်ခြင်း၊ အရည်အသွေးပြည့်မီသောစာရင်းများဖြစ်လာစေရန်စသည်ဖြင့် ယခုလိုသင်တန်းများ တက်ရောက်ခြင်းအတွေ့အကြုံများကို မိမိတို့ဌာနများတွင် ပြန်လည်စနစ်တကျ အသုံးပြုရန်လိုအပ်ကြောင်း” သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသူ/ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက “သင်တန်းဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သင်တန်းတွင် စနစ်တကျသင်ကြားပေးသော ဆရာ/ဆရာမများကို အထူးကျေးဇူးတင်ရှိပါကြောင်း”ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သင်တန်းဆရာ/ဆရာမများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)