မောက်မယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့်အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်များနှင့် အခွင့်အရေးများအပြည့်အဝရရှိစေရန်အတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ယနေ့နံနက်(၉)နာရီတွင် ဌာနဆိုင်ရာများပူး ပေါင်းစစ်ဆေးရေးအဖွဲ့က မောက်မယ်မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်ဇော်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များသို့ သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများရောင်းချရာ၌ သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ရောင်းချမှုများမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။
စိုင်းမျိုးသန့်