မောက်မယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်း၌ ယနေ့နံနက် ၉ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ် းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်ကမျိုးဆက်သစ်လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ် အာဇာနည်နေ့အား မမေ့မပျောက်အမှတ်ရစေရန်နှင့် လေ့လာသင်ယူထားသည့် ကျောင်းစာအပြင် ဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့ပြီး (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူ ဆရာ/ဆရာမများက ဆုများအသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)