ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရွှေပြည်သာ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်တွင် အမှတ်(၁၈)ရပ်ကွက်ရှိ အသက်(၈၅)အထက်သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်တိုင်ရာရောက်‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် (၃၀၀၀၀)နှုန်းဖြင့် ရပ်ကွက်(၂၃)ရပ်ကွက် ကျေးရွာအုပ်စု(၄)စုစုပေါင်းရပ်ကွက်/ကျေးရွာ(၂၇)ခုရှိ သက်ကြီးဘိုးဘွား(၈၈၀)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၂၆၄)သိန်းအား လက်ဝယ်အရောက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)