မြင်းခြံမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မြင်းခြံ ဇူလိုင် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး (QGIS) ရေးဆွဲ နည်းသင်တန်းကို ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ အဆိုပါရုံး အစည်းအဝေးခန်းမ၌  သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြင်းခြံခရိုင်ရုံးနှင့် မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား မိမိတို့ခရိုင်/ မြို့နယ်ဆိုင်ရာ မြေပြင်ပထဝီဝင် အချက်အလက်များကို Google Earth အသုံးပြု၍ ကောက်ယူစုဆောင်း သိမ်းဆည်းနိုင်စေရန် နှင့် မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အချက်အလက်များ ဘဏ္ဍာနှစ်အလိုက် ပြုစုထားရှိပြီး အချိန်နှင့်တပြေးညီ မှန်ကန်မြန်ဆန်စွာ သိရှိစေနိုင်ရန် ရည်ရွယ်၍ (QGIS)ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့

ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာက ပြောသည်။

အဆိုပါသင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ကျေးလက် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP)၊ Cash For Work စီမံကိန်း စသည့် လုပ်ငန်းများအား မြေပုံရေးဆွဲနိုင်ရန်အတွက် (QGIS) Software အသုံးပြု၍ ရေးဆွဲနည်းသင်တန်းအား (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ မြင်းခြံခရိုင်ရုံး၊ မြင်းခြံမြို့နယ်ရုံး၊ တောင်သာမြို့နယ်ရုံး၊ နွားထိုးကြီးမြို့နယ်ရုံးတို့မှ ဝန်ထမ်း (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။                        

ကျော်စွာ