လွိုင်လင်မြို့ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အ.ထ.က(၁)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲ မစတင်မီ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အမှတ်(၃) လူကုန်ကူးမှုတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (လွိုင်လင်) တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး တင်မောင်မြင့်မှ လူကုန်ကူးခြင်း အဓိပ္ပာယ် နှင့် လူကုန်ကူးခြင်း ဆိုင်ရာ သိကောင်းစရာများကို ဗီဒီယိုကလစ်များဖြင့် ရှင်းလင်းပြသဟောပြောခဲ့သည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်သက်သက်ဝဂ်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်ကြသော ကျောင်းသား/သူများ နှင့်ဖိတ်ကြားထားသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မိခင်ကလေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ကြသည်။
ခရိုဂ်ပြန်/ဆက်