လဲချားတွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

လဲချား ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် ကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အ.ထ.က၊ အ.လ.က ကျောင်းသူလေး များမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)