မောက်မယ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့မှ မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်းတောင်သူများအား သွင်းအားစုများ ဖြန့်ဖြူးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများတို့က မိုးစပါး စိုက်ဧက (၁၅၆)အတွက် တန်ဖိုး (၁၅၆)သိန်းကို စိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများ (၁၆)ဦးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)