လှိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကျင်းပ

လှိုင် ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲများကို လှိုင်မြို့နယ် အ.ထ.က-၁​ကျောင်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းသည် အများပြည်သူများ အာဇာနည်နေ့ရောက်တိုင်း သတိရအောက်မေ့ဖွယ်ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ထာဝစဉ် ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် အာဇာနည်နေ့နှင့်သက်ဆိုင်သည့် စာအုပ်များ ခင်းကျင်းပြသထားခြင်း၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များ ပြသထားကြောင်း သိရှိရသည်။

ဝင်းသီတာမိုး(ပြန်/ဆက်)