ဒဂုံမြို့နယ်အတွင်းရှိ ဓမ္မာရုံများတွင် အာဇာနည်​နေ့အတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ဒဂုံ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အာဇာနည်လမ်းရှိ ပြည်တွင်းအခွန်ဓမ္မာရုံ၊ ပခုက္ကူဓမ္မာရုံ၊ မြိုင်ကြီးငူဓမ္မာရုံနှင့် မင်္ဂလာဗျူဟာဓမ္မာရုံတို့တွင် ဒဂုံမြို့နယ်စည်ပင်သာယာမှ ကျန်းမာရေးတာဝန်ခံနှင့် ဝန်ထမ်းများပါဝင်သောအဖွဲ့မှ ခြင်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇း၀၀ နာရီခန့် အချိန်က ပြုလုပ်ခဲ့သည်။

၎င်းဓမ္မာရုံများအား (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် အသုံးပြုသွားမည်ဖြစ်ပြီး မြို့နယ်ကျန်းမာရေးတာဝန်ခံဦးဆောင်သောအဖွဲ့မှ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ​စေ​ရေးနှင့် ခြင်အန္တရာယ်ကင်းရှင်း​စေ​ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ ရန်ကုန်တိုင်း​ဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် အဖွဲ့များက လာရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်