မိုးမောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမူရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

မိုးမောက် ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၄ ဏ္ဍာနှစ် လူမှု၀န်ထမ်းဦးစီးဌာန၏ ပထမသုံးလပတ်ရန်ပုံငွေဖြင့် မိုးမောက်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ရန်ပုံငွေ တစ်ဦးလျှင်ကျပ် ၃၀၀၀ဝိ/-ကျပ်စီကို ယမန်နေ့တွင် အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။    

အဆိုပါ လူမှုရေးပင်စင်ပေးအပ်ခြင်းကို ကြေးနန်းရပ်ကွက်၊ မိုင်းခတ်ကျေးရွာ၊ တာလီကျေးရွာ၊ ဂွယ်ကထောင်ကျေးရွာများမှ အသက် ၈၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများကို  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေး၀န်ထမ်းများမှတစ်ဆင့် အိမ်တိုင်ရာရောက် အဘိုးအဘွား များလက်၀ယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)