ပိုင်ကျုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ပိုင်ကျုံ ဇူလိုင် ၁

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား အာဟာရ ပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍  ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်အတွက်  လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသော အဘိုးအဘွားများကို ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပိုင်ကျုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ အဘိုးအဘွား () ဦးတို့အား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းကျပ်ငွေ (၁၈၀၀၀၀ိ/-) တိတိကို ဇူလိုင်လ ၁ ရက်နေ့က ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ အဘိုးအဘွားများထံ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။

ပိုင်ကျုံမြို့တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့်ရှိသော အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား စုစုပေါင်း (၃၄၈) ဦးရှိပြီး ထောက်ပံ့ငွေများ လက်ဝယ်အရောက် ရရှိရေးအတွက် သက်ဆိုင်ရာကျေးရွာရှိ တာဝန်ရှိသူများတို့မှ လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)