လားရှိုးမြို့ မဟာမြတ်မုနိဘုရား၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မဟာမြတ်မုနိဘုရား၌ အသံမစဲ မဟာမဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ ၊မဟာမြတ်မုနိ ဘုရားရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်သည် အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အရာရှိကြီးများ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဇမ္ဗူအေးအေတီတပ်ဦးကျောင်း ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များ နာယူကာသံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မဟာမြတ်မုနိကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအတွက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး အမှူးပြုသော အရာရှိ/အရာခံ/အကြပ်/စစ်သည်များမှ အလှူတော်ငွေ ငါးသိန်း၊ ကိုကျော်ဇေနိုင်မှ ငါးသိန်း၊ ကိုလင်းထက်နိုင်မှ ငါးသိန်း၊ ဖူလီလိုက်ကုမ္ပဏီမှ ငါးသိန်း၊ မန်ဆူပြည်သူ့စစ် အဖွဲ့မှ ဆယ်သိန်း၊ လားရှိုးကြီးပြည်သူ့စစ်အဖွဲ့မှ ငါးသိန်း၊ လောက်ကိုင်ထင်ပါကျိုင်း ပြည်သူ့စစ်အဖွဲ့မှ သိန်းငါးဆယ်တို့ကို လှူဒါန်းခဲ့ရာ ပြည်နယ်သာသနာရေးမှူးက အလှူငွေများကို လက်ခံခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆရာတော်သံဃာတော်များထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)