နတ်မောက် ဇူလိုင် ၁၇
(၇၆)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓါတ်ပုံနှင့်ဆောင်းပါးများ ပြသနိုင်ရန် ဘုတ်ချပ်များပြုလုပ်နေခြင်းကို ယမန်နေ့က စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးဌာနခွဲ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် စိမ်းလန်းစိုပြေသာယာလှပအောင်နှင့် ဘက်စုံထိန်းသိမ်းရေးလုပ်ငန်းကော်မတီအဖွဲ့တို့က ကြီးကြပ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံ၊ ဆောင်းပါးများပြသနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ၂၀၂၃-ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုများကို ခံယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးရှိ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
လှဝင်း