မြို့သစ် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီများအသစ်ပေါ်ချိန် ဈေးအတက်အကျမရှိ(၂၅၀၀)ကျပ်ဝန်းကျင်ဖြင့် အတက်အကျမရှိ ရပ်တန့်နေကြောင်း သိရသည်။
မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် မိုးသီးနှံကြက်သွန်နီကို မိသားစုဝင်ငွေတိုးပွားရေးအတွက် အဓိကစိုက်ပျိုးဆောင်ရွက်ကြရာ မြို့သစ်စည်ပင်သာယာစျေးအတွင်းသို့ နေ့စဉ်ကြက်သွန်နီကုန်ချိန်ငါးရာ ဝန်းကျင်ခန့်ဝင်ရောက်လျက်ရှိပြီး လက်ရှိအရောင်းအဝယ်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး (၂၅၀၀)ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။
ယခုနောက်ပိုင်း ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ကြက်သွန်နီအထွက်နှုန်းများ ကောင်းမွန်ခြင်းရှိပြီးရောင်းချမှု၌ တစ်ပိဿာ(၂၅၀၀) ကျပ်ဝန်းကျင်သာရှိကြောင်း၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဈေးတွင် ကြက်သွန်နီထွက်နှုန်းကောင်းမွန်သဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားစရိတ်များ အရှုံးမရှိသေးဘဲ အမြတ်နည်းရုံသာရှိကြောင်း သိရသည်။
ကြက်သွန်နီတင်ပို့ရောင်းချသူများအနေဖြင့် လက်ရှိထွက်ပေါ်နေသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်သည့် ဧပြီလနှင့် မေလအချိန်တို့မှစတင် ၍သိုလှောင်မှုအတွက်ဝယ်ယူကာ ဒေသအသီးသီးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)