သန်လျင်မြို့နယ် ဖူဆယ်အားကစားရုံဖွင့်ပွဲနှင့်ပြိုင်ပွဲ စတင်ကျင်းပ

သန်လျင် ဇူလိုင် ၁၇

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် သီဟဒီပ ဖူဆယ်အားကစားရုံဖွင့်ပွဲနှင့် ပြိုင်ပွဲစတင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် သန်လျင်မြို့ရှိ သီဟဒီပဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်ကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါဖူဆယ်ပြိုင်ပွဲသို့ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)