စုကလိမြို့တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

စုကလိ ဇူလိုင် ၁၇

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့်ကလေးငယ်များအား ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက် Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောပြပြီး စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသူကျောင်းသားလေးများက စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲ၊ ဘော်လုံးအရောင်တူရွေးပစ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲတို့ကို အစုဖွဲ့၍ ပျော်ရွှင်စွာ ကစားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုရရှိသော ကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ပိုပိုအောင်က  ဆုများပေးအပ် ချီးမြှင့် ပေးခဲ့ကြောင်း သိရှိရသည်။

ပိုပိုအောင်