တာမိုးညဲ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် ယာဉ်မတော်တဆဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းမီဒီယာဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ် ချုပ်ရေးမှူးဦးမျိုးမင်းဌေးက အမှာစကားပြောကြားပြီး တာမိုးညဲနယ်မြေရဲစခန်းမှူး ရဲအုပ် နေထွဏ်း လင်းက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ လမ်း လျှောက်သူများနှင့် ဆိုင်ကယ်စီးသူများလိုက်နာရန်စည်းကမ်းများ ၊ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များနှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များကို စည်းကမ်းရှိစွာ စနစ်တကျ စီးနင်းမောင်းနှင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ တာမိုးညဲမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခေါန်မိုင် (ပြန်/ဆက်)