ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ‌ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

 ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကိုရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီးကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် ရှားပါးလာသော ကသစ်ပင်များ ပြန်လည်ပျိုးထောင်စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများ အဓိက လုပ်ကိုင်လျက်ရှိရာ တောင်ပေါ်ကွမ်းကြမ်းစိုက် တောင်သူများမှာ ကွမ်းကြမ်းပင်များကို ကသစ်ပင်များ၏ ပင်စည်အရင်းနားတွင် စိုက်ပျိုးကြပြီး ကသစ်ပင်များပေါ်တွင် တွယ်ကပ်ရှင်သန်စေခြင်းဖြင့် ကွမ်းပင်များကြီးထွားမှုကောင်းမွန်ခြင်း၊ ကွမ်းရွက်အထွက် လှပကောင်းမွန်ခြင်းတို့အပြင် ကွမ်းကြမ်းပင်များ သက်တမ်းရင့်သွား၍ သေဆုံးခြောက်သွေ့သွားပါက ကသစ်ပင်များ ခုတ်လှဲရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက် ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေထားသော ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌  ပလပ်စတစ်အိတ် လျှော့ချသုံးစွဲရေး အသိပညာပေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ပလပ်စတစ်အိတ်မသုံးစွဲရေးနေ့များကို အပတ်စဉ် စနေ၊တနင်္ဂနွေနှင့် သောကြာနေ့တိုင်းသတ်မှတ် ထားရှိကာစည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအတွင်း စျေးရောင်း စျေးဝယ်များအား ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲကြရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများကကွင်းဆင်း  ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြော ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၂ နာရီအချိန်က မီးတိုက်ကျေးရွာ၊ အလယ်တန်း(ခွဲ)ကျောင်း၊ စာသင်ဆောင်၌(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ ခွဲနာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေး Talk Show ကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ညောင်ဦးမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများပြုလုပ်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to