မုံးကိုး ဇူလိုင် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဇူလိုင်လ (၁၉)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာ နည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်အခမ်းအနားအား ယမန်နေ့ နေ့လည် (၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မုံးကိုးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး(ကိုယ်စား) ဒေါ်လွေးအမ်ဆေးက အခမ်းအနားသို့တတက်ရောက်လာကြသည့် မိဘပြည်သူ ကလေး သူငယ်များအား ဤကဲ့သို့ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုပြပွဲနှင့် ဟော ပြောပွဲပြုလုပ်ရခြင်းမှာ အာဇာနည်နေ့နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဗဟုသုတများအား ပြည်သူလူထုများ သိရှိစေလိုရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏သမိုင်းအကျဉ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းကြပုံများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ ရက်စက်စွာလုပ်ကြံခံခဲ့ရပုံများ စသည့်အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို နံရံကပ်စာစောင်ဖြင့်သော်လည်း ကောင်းပြသခဲ့ပြီး၊ အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် မိဘပြည်သူကလေးများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မေစံပယ်ဖူး (မုံးကိုး)