သာကေတ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီ အချိန်က ကျောင်းသား၊ ကျောင်းသူများကို (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူက အာဇာနည်နေ့ပေါ်ပေါက်လာပုံအကြောင်းအရာများကို ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများ ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း၊ အာဇာနည်နေ့အထိမ်း အမှတ်အသိပညာပေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ ဆက်)