ဆိပ်ကြီး ခနောင်တိုမြို့နယ်၌  အသက် ၅နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး  (Booster Dose) ဆက်လက် ထိုးနှံပေး

ဆိပ်ကြီး ခနောင်တို ဇူလိုင် ၁၇

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်နှင့် အထက်ရှိ  ကျောင်းသား၊ ကျောင်းသူလေးများအား ယနေ့နံနက်ပိုင်းမှစ၍ အမှတ် (၁၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာ ထပ်ဆောင်းကာကွယ်ဆေး  (Booster Dose) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍  သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၅ နှစ်နှင့်အထက်ရှိ    ကျောင်းသား၊ ကျောင်းသူ‌လေးများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး  (Booster Dose)အဖြစ် Sinopharm ဆေး ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဝေယံ(ပြန်/ ဆက်)