ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ လူငယ်နှင့်​ခေါင်း​ဆောင်​ဟော​ပြောခြင်းနှင့် အားကစားသရုပ်ပြခြင်းဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က (ဆင်တဲ) ကျောင်း၌ လူငယ်နှင့်​ခေါင်း​ဆောင်​ဟော​ပြောခြင်းနှင့်အားကစားသရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးကောင်းမွန် ကြံခိုင်ဖွံဖြိုးသောနိုင်ငံသား/သမီး ကောင်းများဖြစ်ပေါ်လာစေရန် ကျောင်းစာပေများအပြင် ကိုယ်လက်လှုပ်ရှားအားကစားပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက် အားကစားသရုပ်ပြခြင်းလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးရာ ကျောင်းသား/ သူ စုစုပေါင်း(၁၁၅)ဦးတို့မှ လိုက်လံလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)