တောင်ပြိုလက်ဝဲ ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၂ နာရီအချိန်က မီးတိုက်ကျေးရွာ၊ အလယ်တန်း(ခွဲ)ကျောင်း၊ စာသင်ဆောင်၌(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းမှ ဆရာဦးရန်အောင်မှ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က ယခု အာဇာနည်နေ့သည် (၇၆)နှစ်မြောက် ဖြစ်ပါကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်အာဇာနည်နေ့အကြောင်းရာများ၊ အာဇာနည်စိတ်ဓာတ်နှင့်ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းအရာများကိုလည်း ကျောင်းသား၊ ကျောင်းသူများအားကျအတုယူဖွယ်ဖြစ်အောင် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဟောပြောပွဲတက်ရောက်သူ Grade(8) ကျောင်းသူ မစိုးစိုးနိုင်မှလည်း ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်စိတ်ဓာတ်နှင့်ပတ်သတ်၍ ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန်စွာ နားထောင်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းစင်းပြသထားသော စာအုပ်၊စာစောင်များကိုလည်း စိတ်ပါ ဝင်စားစွာကြည့်ရှုခဲ့ကြသည်။ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့်ကျောင်း သား၊ကျောင်းသူ (၁၀၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းနိုင်(ပြန်/ဆက်)