ပင်လောင်း ဇူလိုင် ၁၇
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကိုရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရင်းမှီးကျောင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းများဟောပြောပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက အာဇာနည်ကိုးဦး၏ အထ္တုပ္ပတ္တိအကြောင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အကြောင်းများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ကိုးဦး၏ အထ္တုပ္ပတ္တိပါဝင်သည့်အကြောင်းများနှင့် သွေးလွန် တုပ်ကွေးရောဂါကာကွယ် အသိပညာပေး နံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား /ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်