ကွတ်ခိုင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပ၍ အတွေးအခေါ်များထက်မြက်စေမည့် အရုပ်ဆက်ခြင်းပြိုင်ပွဲတို့ကို ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ(၁၆)ဦးက ပျော်ပျော်ရွှင်ရွှင် တက်ကြွစွာဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ထို့ပြင် ကလေးစာဖက်ခန်းတွင်လည်း ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲအပြီးတွင် အကောင်းဆုံးယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)