ပေါင်းတည် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ပလပ်စတစ်အိတ်မသုံးစွဲရေးနေ့များကို အပတ်စဉ် စနေ၊တနင်္ဂနွေနှင့် သောကြာနေ့တိုင်းသတ်မှတ် ထားရှိကာစည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများအတွင်း စျေးရောင်း စျေးဝယ်များအား ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲကြရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများကကွင်းဆင်း ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့်ရွှေတည်စျေးများအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်အတူစျေးတာဝန်ခံများ၊စျေးအကျိုးတော်ဆောင်များ၊ဝန်ထမ်းများလိုက်ပါလျက်စျေးရောင်း စျေးဝယ်များအား ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲရေး၊ဒေသထွက် အင်ဖက်များကို ပိုမိုသုံးစွဲရေးကိုစျေးအတွင်း အသိပညာပေးနှိုးဆော်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စျေးအတွင်း၌ဒေသထွက် အင်ဖက်ရွက်များအခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက်)