ဗန်းမော် ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေး Talk Show ကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေးနှင့် ပတ်သက်၍ သစ်ပင်၊ သစ်တောများ၏ အရေးပါပုံအကြောင်း၊ သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးများ၊ သစ်တော ပြုန်းတီးမှုအကြောင်းများ၊ သစ်တောများပြုန်းတီးရခြင်း အကြောင်းအရင်းများ၊ သစ်တောပြုန်းတီးရခြင်း၏ အကျိုးဆက်များ၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ပိုးအိစံက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သစ်ပင်၊ သစ်တောများ၏ အရေးပါမှု များကိုလည်း သိရှိပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်ကြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)