ကွန်ဟိန်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ ခွဲနာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက အာဇာနည် နေ့အကြောင်း သိကောင်းစရာများ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ၊ ကြိုးစားကြ၊ လူငယ်နှင့်ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်