ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ကွတ်ခိုင် ဇူလိုင် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေထားသော ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ဝန်ထမ်းများ ရုံးလုပ်ငန်းလက်စွဲစာစောင်တွင်ပါရှိသော ရုံးလုပ်ငန်းစနစ်များကို စနစ်တကျလိုက်နာခြင်းကြောင့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အကောင်းဆုံးနှင့် အထိရောက်ဆုံး အကျိုးတရာများဖြင့် အချိန်မီပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ရုံးလုပ်ငန်း၏ အဓိပ္ပာယ်၊ ရုံးလုပ်ငန်း၏ သဘောတရားများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က အခန်း(၂) ဝင်စာများကို အရေးယူဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း စသည့် အကြောင်းအရာများကိုလည်ကောင်း၊ စာကြည့်တိုက်လ/ထ(၃) ဒေါ်အကြင်နာထွေးဦးက ဝင်စာများကို မှတ်ပုံတင်ခြင်းနှင့် လုံခြုံမှု အဆင့်အတန်းဝင်စာများကို မှတ်ပုံတင်ခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးသွားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် ဝန်ထမ်းများ တစ်ဦးချင်း လုပ်ငန်းခွင်အတွင်း အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်လည်းကောင်း၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ အစရှိသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)