ကျောက်မြောင်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာသီကုံးပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်း/အလယ်တန်းနှင့် အထက်တန်းရှိ ကျောင်းသား/သူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။ ပြိုင်ပွဲတွင် ကျောင်းသား/သူ များကို မမေ့စဥ်လာ အာဇာနည်နေ့အချိန်အခါ ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် အာဇာနည် မြတ်မမေ့အပ် ခေါင်းစဥ်ဖြင့် ကဗျာသီကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲပြုလုပ်ရခြင်းမှာ အနာဂတ် ကျောင်းသား လူငယ်များအား ကျဆုံးလေပြီးသော အာဇာနည်ကိုးဦးအကြောင်း သိရှိပြီး လေးစားကြည်ညိုနိုင်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ရောက်တိုင်း ကျောင်းသား လူငယ်များအတွက် အာဇာနည်နေ့နှင့် ပတ်သက်သည့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ကြသည်။
ပြိုင်ပွဲတွင် ကျောက်မြောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သိင်္ဂီထွေး (ဒုတိယဦးစီးမှူး)နှင့် ကျောင်းဆရာ/ဆရာမများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြိုင်ပွဲတွင် မူလတန်း/အလယ်တန်းနှင့် အထက်တန်းရှိ ကျောင်းသား/သူ စုစုပေါင်း(၇၀)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ ကြသည်။ ပြိုင်ပွဲဝင် ကျောင်းသား/သူများကို အတန်းအလိုက် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မြောင်း(ပြန်/ဆက်)