ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အလုံ ဇူလိုင်လ ၁၈

ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်ရှိ အမှတ်() အေခြခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ပညာရေးမှူး၊  ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် ကျွန်းပင်၊ စိန်ပန်းပင်၊ ပိတောက်ပင်၊ ယမနေပင်များကို စုပေါင်းပါ၀င်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် ကျောင်း အကျိုးတော် ဆောင်များနှင့်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)