ပလောက် ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပခြင်းကို ယနေ့ညနေ(၃) နာရီခွဲအချိန်ကမြို့ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်ကအာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း အရာများ၊ မိမိတို့နိုင်ငံ၏အထင်ကရ ခေါင်းဆောင်များကို နိုင်ငံသားတစ်ဦးအနေဖြင့် လေ့လာသိရှိထားရမည့်အချက်များ၊ အာဇာနည် စိတ်ဓာတ် အကြောင်းသိကောင်းစရာများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
နှင်းမြူလွင်