လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ လျာထားသတ်မှတ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

လိပ်သို ဇူလိုင်  ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ပထမသုံးလပတ် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မြို့စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့သော လမ်းခင်းခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးသွားခဲ့ပြီဖြစ်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများမှာ လိပ်သိုမြို့လယ်ဖြတ် ပြည်ထောင်စုလမ်း၊ မာဒေး၊ ကျောင်းကုန်းကျေးရွာများနှင့် ဆက်သွယ်ထားသော ဌာနဆိုင်ရာရုံးကုန်းလမ်းအား ကွန်ကရစ် လမ်းခင်းပေးခြင်း၊ အမှတ် (၆) ရပ်ကွက်ရှိ မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ်သို့  မြှင့်တင်ပေးခြင်း၊ မာဒေးရှိ ကွန်ကရစ်လမ်းပိုင်းတွင် Box Culvert  နှင့် အုတ်စီရေမြောင်း တည်ဆောက်ပေးခြင်း၊ လိပ်သို-ရှမ်းလယ်ပြင်သွား ကွန်ကရစ်လမ်းပိုင်းတွင် အုတ်စီရေ မြောင်းတည်ဆောက်ပေးခြင်း၊ ရေမြောင်းအဖုံးများ ပြုလုပ်ပေးခြင်း၊ လမ်းအမည်ပေး ဆိုင်းဘုတ်ငယ်များ၊ လမ်းညွှန်ဆိုင်းဘုတ်ငယ်များ တပ်ဆင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ လုပ်ငန်းများအားလုံးကို ရာနှုန်းပြည့်အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)