နမ့်ခမ်း ဇူလိုင် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ (Community Centre) ခန်းမတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျင်းပဆောင်ရွက်ရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုဝန်ထမ်း (၃) ဦးမိုင်းနိုင်ဒါန်းဝင်းက လူမှုဝန်ထမ်းဦးစီးဌာအနေဖြင့် လုပ်ငန်း(၇) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာမှ သက်ကြီးဘိုးဘွားများနှင့်ဆိုင်သော မသန်စွမ်းနှင့် သက်ကြီးရွယ်အို ဘဝမြှင့်တင်ရေးလုပ်ငန်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ဦးစီးဌာနက အဓိက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုဘိုးဘွားအချို့က အန္တရာယ်ကျ ရောက်နိုင်မှုနှင့် ဘဝရပ်တည်မှု ရင်ဆိုင်နေရကြောင်း၊ တစ်ချို့ကဝင်ငွေမလုံ လောက်ခြင်း၊ တစ်ဦးတည်းနေရခြင်း၊ ပြုစုစောင့်ရှောက် သူမရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုများ လုံလောက်စွာ မရရှိခြင်းတွေကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများကို ဝင်ငွေလုံခြုံမှုရှိစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုရရယူနိုင်စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်က အကူအညီပေးနိုင်ရန် တစ်ထောင့် တစ်နေရာက ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် လူမှုဝန်ထမ်း(၃)တို့သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက် ချက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေး Talk Show ကို နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “ရွှေလီမြစ်ဝှမ်း လွင်ပြင်” Facebook Page တွင် လွှင့်တင်၍ အသိပညာပေးခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံက သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)