ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေ ၄၅၀၀ ဂါလံဆံ့ ရေလှောင်အုတ်ကန်လှူဒါန်း

ညောင်ဦး ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ဇီးပင်ကြီးတဲတိုက်သို့ အလှူရှင်မိသားစုမှ ဇီးပင်ကြီးတဲတိုက်သူ/သားများ သောက်သုံးရေသိုလှောင်ပြီး ရေသုံးစွဲမှု အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်းအပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေခက်ခဲသည့်ကျေးရွာများပြားပြီး မြေသားမိုးရေလှောင် ကန်များ၊ မိုးရွာသွန်းချိန် အိမ်သွပ်မိတ်မှရေတလျောက်များပြုလုပ်ရေစုပြီး ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသို လှောင်ပြီး ရေးရှားပါး ချိန်သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျှက်ကျိုချက်ချိန် ရွာတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ထန်းတောထဲ ပြောင်းရွေ့ထန်းလျှက် ကျိုချက်ရာမှ ရွာအတွင်းသို့ပြန်လည်ပြောင်းရွေ့ခြင်းမရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာနေထိုင်လာခဲ့ရာမှ အိမ်ခြေများလာပြီး တဲတိုက်များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေ အတွက်မြေသားရေလှောင်ကန်များဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့် နှစ်များတွင် မြေသားရေလှောင်ကန်များ ရေဝင်ကာရေအတွက် အခက်အခဲသိပ်မရှိကြပဲ၊ မိုးရွာသွန်းမှုနည်း သည့်နှစ်များတွင် သောက်သုံးရေခက်ခဲမှုကြုံ တွေ့နေရသည့်နှစ်များရှိခဲ့ကြောင်း ဒေသခံတောင် သူများကရှင်းပြ၍ သိရသည်။ ညောင်ဦး မြို့နယ်တွင် သောက်သုံးရေရှားပါးသည့်ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှ ရေဂါလံ ၄၅၀၀ ဆံ့ရေအုတ်ကန်များ လှူဒါန်းပေးခြင်း၊ တစ်ဦးချင်းအလှူရှင်များလှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်း တဆင့်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယခုလှူဒါန်းသည့် ရေသိုလှောင်ကန်ကိုလည်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဦးရဲဝင်းအောင်၊ ဒေါ်တင်တင်ဝင်းမိးသားစု ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေသိုလှောင်နိုင်ရန်  ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း