သရက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့် ဝန်းထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားရာမှာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျောင်းစာကို လေးလေးစားစားသင်ယူရန် နှင့် မိဘများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်စေလိုကြောင်း၊ ကင်းထောက်ပညာရပ်ကို တက်ရောက် စေလိုကြေင်း၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သည့် ဓမ္မစကူးလ်သင်တန်းကို တက်ရောက်စေလိုကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးခဲ့ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်၊အထက်တန်းပညာသင်ကြား နေသည့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ရာ ကျောင်းသား/ကျောင်းသူများက လက်ခံ ပေးခဲ့ပြီး ခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်သိမ်းရေး ကော်မတီ ဉက္ကဌ အလယ်တန်း၊ မူလတန်းကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံပေးခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား ဦးထုပ်တစ်လုံစီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)